ကျွန်တော်တို့ Myanmar Development Institute ကို အိုင်တီနည်းပညာရပ်နယ်ပယ်မှာ ထူးချွန်ပြီး လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၅) နှစ်အထက်ရှိသော လူငယ်နည်းပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ အကြံပေးများဖြင့် ဖွဲ့စည်းတည်ထောင်ဖွင့်လှစ် ထားပါတယ်။ မြန်မာ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေန်၊ အိုင်တီနည်းပညာကို လူတိုင်းကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ္ဘာနှင့်ရင်ဘောင် တန်းပြီးခေတ်မီနည်းပညာများ အသုံးပြုလျှက် စနစ်တကျဆောင်ရွက် တတ်စေရန်၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးလုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်စေရန်၊ စဉ်ဆက်မပြတ်အသစ် အသစ်ပြောင်းလဲတိုးတက်ပေါ်ပေါက်နေသော အိုင်တီနည်းပညာနှင့် စီးပွးရေးပညာရပ်များအား အခြေခံအဆင့်မှ အဆင့်မြင့်အထိ ဖြန့်ဝေပေးနိုင်ရန်အတွက် တည်ထောက်ခဲ့တာဖြစ်ပါတယ်။ အိုင်တီ နည်းပညာနှင့် ပါတ်သတ်ပြီး နိုင်ငံတကာ၏ မည်သို့သော လုပ်ငန်းခွင်တွင်မဆို ပြန်လည်အသုံးချနိုင်သည်အထိ လေ့ကျင့်ပျိုးထောင် မှုများပေးနိုင်ရန်အတွက်လည်း စီစဉ်သင်ကြားပေးပါသည်။ အသုံးပြုသူအဆင့်မှ တီထွင်ဖန်တီနိုင်သူ Developer တစ်ဦးဖြစ်လာသည်အထိ ရောက်အောင် ကျွန်တော်တို့ဆောင်ရွက်မွေးထုတ်ပေးလျှက်ရှိပါသည်။ အစိုးရအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုလဲ ဆောင်ရွက်နေပါသည်။ ပြည်တွင်းပြည်ပတွင်ရှိသော အသိပညာရှင် အတတ်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး Project ကြီးများကို လက်ခံဆောင်ရွက်ပေး နေသော လုပ်ငန်းအဖွဲ့အစည်းဖြစ်ပါတယ်။ ပြည်တွင်းပြည်ပတွင်ရှိသော အဖွဲ့အစည်းများသို့ ၀န်ဆောင်မှုပေးနေသော လုပ်ငန်းအဖွဲ့အစည်းဖြစ်သောကြောင့် ကမ္ဘာ့နောက်ဆုံးပေါ်နည်းပညာရပ်တွေကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းအမှီလိုက်နိုင်တဲ့ ၀န်ဆောင်မှုများအား ပိုင်ဆိုင်နေပါတယ်။ ပြည်ပရောက် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း အကျိုးတူပူးပေါင်းဆောင်ရွက်မှုပြုလုပ်ထားတဲ့အတွက် ကမ္ဘာနှင့် ယှဉ်ပြိုင်နိုင်မည့် နည်းပညာများအား ၀န်ဆောင်မှုပေးရင်း နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်မြင့်အိုင်တီနည်းပညာများ အသုံးပြုလျှက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရန် သန္ဒိဋ္ဌာန်ချမှတ် လျှက် မြန်မာ့လူ့သားစွမ်းရည် မြှင့်တင်ခြင်းလုပ်ငန်းများအား အင်တိုက်အားတိုက်ဆောင်ရွက်လျှက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။